“တန်ဆောင်တိုင်ကာလအတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ပြည်တွင်း/ပြည်ပခရီးသွားများ အများအပြား ဝင်ရောက်”

19 Nov

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ယခုနှစ်တန်ဆောင်တိုင် ကာလအတွင်း ပြည်တွင်း/ပြည်ပခရီးသွားများ ဝင်ရောက်လည်ပတ်မှု အများအပြားဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ပုဂံဒေသ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ဘုရားဖူးခရီးသွားများဖြင့် အထူးစည်ကားခဲ့ပြီး ပြည်တွင်း ခရီးသွားများ သာမက ပြည်ပခရီးသွားများလည်း ဝင်ရောက်နေလျက်ရှိတယ်လို့ သိရပါတယ်။ ပုဂံဒေသသို့ ခရီးသွား ဝင်ရောက်မှုများလာ၍ ဒေသခံတို့အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာပြီး ဒေသတွင်းရှိ ဒေသထွက်ကုန်၊ အစားအသောက်နှင့် ခရီးသွားဝန်ဆောင်လုပ်ငန်းမှု လုပ်ငန်းများ၊ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းများမှ လူမှုစီးပွားနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလာတယ်လို့ သိရပါတယ်။ ယခုနှစ်ခရီးသွားရာသီမှာ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ပြည်တွင်း၊ပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက် လာမည်ဟု မျှော်မှန်းထားရာ ၂၀၂၃ ခုနှစ်မှ စက်တင်ဘာလအထိ ပြည်ပခရီးသွား ၁၀,၀၀၀ နီးပါး ဝင်ရောက်ခဲ့ကာ ကာလတူ ၂၀၂၄ ခုနှစ်မှာ ၁၀,၀၀၀ ကျော်အထိ ဝင်ရောက်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ တန်ဆောင်တိုင်ပွဲတော် ကာလမှာလည်း ခရီးသွားဝင်ရောက်မှုများခဲ့တာကြောင့် လာမယ့်ခရီးသွားကာလ မတ်လအထိ ခရီးသွားများ ပိုမိုဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှ သိရပါတယ်။ (NVS 003)

19 Nov

ADVERTISE HERE .