“YBS 18 ယာဉ်လိုင်းကို City Bus ယာဉ်ကြီးများဖြင့် ပြေးဆွဲပေးမည်”

18 Nov

ရန်ကုန်တိုင်းဒေသကြီး၌ YBS 18 ယာဉ်လိုင်းကို City Bus ယာဉ်ကြီးများ ဖြင့် ထောက်ကြန့်မြို့ လှော်ကားလမ်းခွဲမှ ဒဂုံ(တောင်ပိုင်း)မြို့နယ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)အထိ နိုဝင်ဘာလ ၂၇ ရက်မှစတင်ပြီး ပြေးဆွဲပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရပါတယ်။ ထိုကဲ့သို့ပြေးဆွဲရာတွင် ခရီးစဉ်လမ်းကြောင်းအနေဖြင့် (ဂိတ်ရင်း) လှော်ကားလမ်းခွဲ-ထောက်ကြန့်လမ်းဆုံ-ဝါယာ လက်-ခရေပင်လမ်းခွဲ-အမှတ် (၃) လမ်းဆုံ-အောင်မင်္ဂလာအဝေးပြေး-(၆) ကွေ့-သုဓမ္မာလမ်း-မြောက်ဥက္ကလာပအဝိုင်း-ဘေလီ-စံပြဈေး-တောင်/မြောက်လမ်းဆုံ-ယဉ်ကျေးမှုတက္ကသိုလ်(ဂိတ်ဖျား)လမ်းကြောင်းအတိုင်းပြေးဆွဲပေးမှာ ဖြစ်ပါ တယ်။ အဆိုပါယာဉ်လိုင်းလမ်းကြောင်းခရီးစဉ်တွင် လိုက်ပါစီးနင်းကြတဲ့ ခရီးသွားပြည်သူများ အဆင်ပြေစေရန် ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) နှင့် ခေတ်သစ်ဘုရင့်နောင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းကာ ယခုကဲ့သို့ City Bus ယာဉ်ကြီးများဖြင့် ပြန်လည် ပြေးဆွဲပေးရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၏ စီမံကွပ်ကဲ မှုအောက်တွင် YBS ကုမ္ပဏီပေါင်း ၂၀ ကျော်၊ ယာဉ်လိုင်းပေါင်း ၁၃၁ လိုင်းခန့်မှ YBS ယာဉ်အစီးရေ ၃,၅၀၀ ကျော် ပြေးဆွဲလျက်ရှိပြီး တစ်ရက်လျှင် ခရီးသည်ဦးရေ ၁၄ သိန်းခန့် လိုက်ပါစီးနင်းလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

18 Nov

ADVERTISE HERE .