“ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ဘုရားဖူးလာရောက်သူ ၃ဝ,ဝဝဝ ကျော်ရှိ”
18 Novမွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ဘုရားဖူးလာရောက်သူ ၃၀,၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း သိရပါတယ်။ ထိုကဲ့သို့ ဘုရားဖူးဧည့်သည်များ လာရောက်ရာ တွင် နိုဝင်ဘာလ ၁၄ ရက်က ဘုရားဖူးဧည့်သည် ၁၄,၀၀၀ ကျော်၊ နိုဝင်ဘာလ ၁၅ ရက်က ဘုရားဖူးဧည့်သည် ၁၆,၀၀၀ ကျော်အထိ လာရောက်ဖူးမြော်ခဲ့ပါတယ်။ အဆိုပါ ဘုရားဖူးဧည့်သည်များပြားသည့်အတွက် ဟိုတယ်နှင့်တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ အထမ်းလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြပါတယ်။ ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်းမှာ ကျိုက်ထီးရိုးစေတီတော်အပြင် ချောင်းသာ၊ ငွေဆောင် စတဲ့ ကမ်းခြေဒေသများ၊ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အပါအဝင် ဒေသအသီးသီးရှိ ဘုရားစေတီပုထိုးများမှာလည်း ဘုရားဖူးလာရောက်သူများဖြင့် စည်ကားများပြားခဲ့ကြကြောင်း သိရပါတယ်။ (NVS-004)