မန်ယူလူငယ်ကစားသမား ဟယ်ရီအာမက်စ် ကို ခေါ်ယူဖို့စီစဉ်နေတဲ့ အက်စတွန်ဗီလာအသင်း

18 Nov

အက်စတွန်ဗီလာအသင်းက မန်ယူအသင်းရဲ့ လူငယ်ကစားသမား ဟယ်ရီအာမက်စ် ကို ခေါ်ယူဖို့စီစဉ် နေတယ်လို့ သိရပါတယ်။ အသက် ၁၇ အရွယ်သာရှိသေးတဲ့ အာမက်စ် ဟာ လက်ရှိအချိန်မှာ မန်ယူအသင်းရဲ့ ယူ-၂၁ အသင်းနဲ့ ခြေစွမ်းပြနေတာကြောင့် အက်စတွန်ဗီလာအသင်း က ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပါတယ်။ မန်ယူအသင်းကလည်း အာမက်စ် ကို သင့်တင့်တဲ့ပြောင်းရွှေ့ကြေးရရှိခဲ့ပါက ရောင်းချသွားဖွယ်ရှိပါတယ်။ ဒါကြောင့် အက်စတွန်ဗီလာအသင်းက လာမယ့်အပြောင်းအရွှေ့ဈေးကွက်မှာ အာမက်စ် ကို ခေါ်ယူသွားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။(NVS 008)

18 Nov

ADVERTISE HERE .