ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြန်လာဖို့ရှိနေတဲ့ တိုနီခရူးစ်

18 Nov

ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမားဟောင်း တိုနီခရူးစ် ဟာ တာဝန်တစ်ခုခုနဲ့ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြန်လာဖို့ရှိကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ တိုနီခရူးစ် ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာ ရီးရဲလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီး ရီးရဲလ်အသင်းက ထပ်မံသက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုပေမယ့် ကစားသမားကိုယ်တိုင်က ငြင်းဆန်ခဲ့ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူခဲ့သူဖြစ်ပါတယ်။ တိုနီခရူးစ် အနေနဲ့ ရီးရဲလ်အသင်းနဲ့အတူ ဆယ်စုနှစ်တစ်စုကြာ ကစားခဲ့ပြီး ပြိုင်ပွဲစုံပွဲပေါင်း ၃၀၆ ပွဲအထိ ပါဝင်ကစားခဲ့ကာ သွင်းဂိုး ၂၂ ဂိုး သွင်းယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဖလားနှင့် စပိန်လာလီဂါဖလားအပါအဝင် ဆုဖလား အများအပြားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းမှ ထွက်ခွာသွားပြီးနောက် အခြားအသင်းများသို့ ပြောင်းရွှေ့ ကစားခြင်းမရှိတော့ဘဲ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ရီးရဲလ်အသင်းနည်းပြ အန်ဆယ်လော့တီ ကိုယ်တိုင်က တိုနီခရူးစ် ဟာ အသင်းထံ မကြာမီ ပြန်လာလိမ့်မယ်လို့ အတည်ပြုပြောကြားထားပြီး တိုနီခရူးစ် ကလည်း ရီးရဲလ်အသင်းနဲ့ အမြဲနီးစပ်မှုရှိပြီး အသင်း အတွက် မည်သည့်အလုပ်ကိုမဆို ငြင်းဆန်မှုမရှိကြောင်းနဲ့ အသင်းထံသို့ တာဝန်တစ်ခုခုနဲ့ ပြန်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

18 Nov

ADVERTISE HERE .