စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာ ၃၅ သန်း ရောင်းချပေးမည်

18 Nov

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၃၅ သန်း ရောင်းချပေးမယ်လို့ နိုဝင်ဘာလ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်ကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ သွင်းကုန်လုပ်ငန်း ရှင်တွေကို ထိုင်းဘတ် ၁၅ သန်း ရောင်းချပေးမယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။ စီးပွားရေးလုပ်ငန်းရှင်တချို့က ယခုကဲ့သို့ ဗဟိုဘဏ် က နိုင်ငံခြားငွေတွေ ထုတ်ရောင်းပေးခဲ့တာကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ အဆင်ပြေနိုင်တဲ့အပြင် ပြင်ပဈေးကွက်မှာလည်း ငွေကြေးလဲလှယ်နှုန်းများ ကျဆင်း လာနိုင်တယ်လို့ ဆိုထားပါတယ်။(NVS 003)

18 Nov

ADVERTISE HERE .