ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၆ ဒသမ ၀၈၁ သန်း ခွင့်ပြုခဲ့

18 Nov

ယခုဘဏ္ဍာနှစ် ခုနှစ်လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၆ ဒသမ ၀၈၁ သန်းကို ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံကနေ သိရပါတယ်။ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၂ ခုရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်ခြင်းအပါအဝင် လုပ်ငန်းပေါင်း ၃၃ ခုရဲ့ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးခဲ့‌တာဖြစ်ပါတယ်။ ခွင့်ပြုခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများမှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၈၇ ဒသမ ၇၁၅ သန်း၊ ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၂၅၂ သန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ သုည ဒသမ ၅၂၅ သန်း၊ မွေးမြူရေးကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၈၈ သန်း ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံများတွင် စင်ကာပူနိုင်ငံက ပထမနေရာတွင်ရှိနေပြီး တရုတ်နိုင်ငံက ဒုတိယ၊ ထိုင်းနိုင်ငံက တတိယနေရာတွင် ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းဇယား ဖော်ပြချက်များအရ သိရပါတယ်။(NVS 003)

18 Nov

ADVERTISE HERE .