မြေပဲလုံးဆန်စျေး တစ်ပိသာ ၅၀၀ ကျပ်ဝန်းကျင် စျေးမြင့်တက်လာ

18 Nov

မကွေးမြို့မှာ မြေပဲအရောင်းအဝယ်ဖြစ်နေပြီး မြေပဲလုံးဆန်စျေး တစ်ပိဿာကို ၅၀၀ ကျပ်ဝန်းကျင် စျေးမြင့်တက်လာတယ်လို့ မကွေးကုန်စည်ဒိုင်က သိရပါတယ်။ အခုရာသီဟာ မိုးမြေပဲအကုန် ဆောင်းမြေပဲ ပေါ်ခါနီး အချိန် ဖြစ်တဲ့အတွက် ပစ္စည်းရှားနေတာ‌ကြောင့် စျေးအနည်းငယ်မြင့်တက်လာတာဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ မြေပဲလုံးဆန်ကို ပြည်တွင်းဆီစက်လုပ်ငန်းရှင်တွေကလည်း ဝယ်ယူကြသလို ပြည်ပတင်ပို့မှုလည်းရှိနေတာ ဖြစ်ပါတယ်။ လက်ရှိတွင် မကွေးမြို့မှာ မြေပဲလုံးဆန်တစ်ပိသာကို ၇,၅၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်ဝန်းကျင် စျေးရှိနေပြီး အခုနှစ်မိုးရာသီက မကွေးတိုင်းအတွင်း ရာသီဥတုဖောက်ပြန်မှု‌တွေကြောင့် မိုးသီးနှံဖြစ်တဲ့ နှမ်းတွေ ပျက်စီးမှုရှိခဲ့တဲ့အတွက် မြေပဲကို အစားထိုးစိုက်ပျိုးခဲ့ကြပါတယ်။ ယခုကာလတွင် အစားထိုးစိုက်ပျိုးထားတဲ့ မြေပဲများ ထွက်ပေါ်ချိန်ကာလဖြစ်ပြီး မကြာခင်မှာပင် ဆောင်းမြေပဲပေါ်တဲ့အချိန်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။(NVS 003)

18 Nov

ADVERTISE HERE .