မြန်မာ့ယွန်းထည်အပါအဝင် အခြားလက်မှုပစ္စည်းများကို ခင်းကျင်းပြသခဲ့တဲ့ အာဆီယံနှင့်မိတ်ဆွေနိုင်ငံများ ဈေးရောင်းပွဲတော်
18 Novဝါရှင်တန်မြို့ရှိ Fashion Centre at Pentagon City ၌ နိုဝင်ဘာလ ၁၆ ရက်မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိပြုလုပ်တဲ့ အာဆီယံနှင့် မိတ်ဆွေနိုင်ငံများဈေးရောင်းပွဲတော်၌ မြန်မာသံရုံး၊ ဝါရှင်တန်မြို့က မြန်မာ့ ယွန်းထည်အပါအဝင် အခြားလက်မှုပစ္စည်းများကို ခင်းကျင်းပြသခဲ့ပါတယ်။ ဈေးရောင်းပွဲတော်သို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့ရဲ့ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မြန်မာ့ယွန်းထည်၊ ရွှေချည်ထိုး၊ အခြားမြန်မာ့ရိုးရာလက်မှုပစ္စည်းများနှင့် ရှုခင်း ဓာတ်ပုံများကို ပြသခဲ့ပါတယ်။ ဒါ့အပြင် ဈေးရောင်းပွဲတော်၌ပါဝင်တဲ့ ဝါရှင်တန်မြို့အခြေစိုက် အခြားသံရုံးများမှလည်း လူသုံးကုန်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ခင်းကျင်းပြသခဲ့ကြပါတယ်။ အဆိုပါ ဈေးရောင်းပွဲတော်အား အာဆီယံအမျိုးသမီးအသင်း (ASEAN Spouses’ Circle - ASC)၊ အာရှ-အမေရိကန် ကုန်သည်ကြီးများအသင်း(Asian American Chamber of Commerce - AACC)နှင့် Fashion Centre at Pentagon City တို့က ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။(NVS 003)