ရွှေတိဂုံစေတီတော်သို့ ဇူလိုင်လမှ အောက်တိုဘာလအထိ ၄ လအတွင်း ဘုရားဖူး ၁၉ သိန်းကျော်ဝင်ရောက်
18 Novရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအထိ လေးလတာကာလ အတွင်း ဘုရားဖူးဧည့်သည် ၁၉ သိန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။ ပြည်တွင်းပြည်ပဘုရားဖူးများ ဝင်ရောက်မှုမှာ ဇူလိုင်လတွင် ၄၄၀,၉၁၇ ဦး၊ ဩဂုတ်လတွင် ၃၆၃,၂၆၁ ဦး၊ စက်တင်ဘာလတွင် ၅၀၈,၅၃၁ ဦး၊ အောက်တိုဘာလတွင် ၆၇၈,၉၁၅ ဦးဖြင့် စုစုပေါင်း ၁,၉၉၁,၆၂၄ ဦး လာရောက် ဖူးမြော်ခဲ့ပြီး ပုံမှန်အားဖြင့် တစ်ရက်လျှင် ဘုရားဖူးဧည့်သည် တစ်သောင်းဝန်းကျင် ဝင်ရောက်လျက်ရှိကာ စနေ၊ တနင်္ဂနွေနှင့် အခါကြီးရက်ကြီးများတွင် တစ်သိန်းကျော်အထိ ဝင်ရောက်မှုရှိနေပါတယ်။ ရပ်နီးရပ်ဝေးမှ ဘုရားဖူးဧည့်သည်များ အဆင်ပြေစေရန်အတွက် ရွှေတိဂုံစေတီတော်အား ဖူးမြော်ချိန်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်မှစ၍ နေ့စဉ်နံနက် ၄ နာရီမှ ည ၁၀ နာရီအချိန်ထိ အချိန်တိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်း သိရပါတယ်။(NVS 004)