ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအဖွဲ့က ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားစေတီပုထိုးများ သန့်ရှင်းသာယာလှပရေးဆောင်ရွက်

18 Nov

NVS 004- November 18,2024. မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားစေတီပုထိုးများ သန့်ရှင်းသာယာ လှပစေရန်နှင့် ပြည်တွင်းပြည်ပ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဝင်ရောက်ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအဖွဲ့က ပုဂံမြို့ဟောင်းရှိ ဘုရားအမှတ်(၃၁၃၉)စေတီတွင် သန့်ရှင်းရေးလုပ်ငန်းများကို နိုဝင်ဘာလ ၁၇ ရက်တွင် ဆောင်ရွက်ခဲ့ကြောင်း အဆိုပါပရိဟိတအဖွဲ့ထံမှ သိရပါတယ်။ ရန်ကုန်မြို့ ဝေမျှခြင်းပရိဟိတအဖွဲ့အနေနဲ့ ပုဂံမြို့ဟောင်းရှိ ရှေးဟောင်းဘုရားများကို ပွင့်လင်းရာသီ ကာလတွင် စေတီတော်ပရိဝုဏ်ဝန်းကျင်ရှိ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူ ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားစေတီပုထိုးများ သန့်ရှင်းသာယာလှပစေရန် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပုဂံရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ခွင့်ပြုချက်ရယူကာ ဘုရားစေတီအဆူ ၁၀၀ ခန့်အား လစဉ်သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

18 Nov

ADVERTISE HERE .