ထိုင်ဝမ်ကျွန်းနှင့် တောင်တရုတ်ပင်လယ်အရေးတို့ကို အထူးသတိထားရန် ရှီကျင့်ဖျင် က ဂျိုးဘိုင်ဒင် ကို တောင်းဆို

18 Nov

အမေရိကန်အစိုးရအနေဖြင့် ထိုင်ဝမ်ကျွန်းအရေးနှင့် တောင်တရုတ်ပင်လယ်အရေးတို့ကို ကိုင်တွယ်ရာတွင် အထူးသတိထားရန် တရုတ်သမ္မတ ရှီကျင့်ဖျင် က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကို တောင်းဆိုလိုက်ကြောင်း သိရ သည်။ ထို့ပြင် တောင်တရုတ်ပင်လယ်အရေးတွင်လည်း မီးလောင်ရာလေပင့်သဘောမျိုး လုပ်ဆောင်နေခြင်းကို ရှောင်ရှားရန်လည်း ရှီကျင့်ဖျင် က ဂျိုးဘိုင်ဒင် ကို တိုက်တွန်းလိုက်သည်။ ရှီကျင့်ဖျင် နှင့် ဂျိုးဘိုင်ဒင် တို့သည် ပီရူးနိုင်ငံ၊ လီမာမြို့၌ ဆောင်ရွက်နေသော APEC ထိပ်သီးအစည်းအဝေး၏ ဘေးပန်းတွေ့ဆုံမှု၌ ဆွေးနွေးစဉ် ရှီကျင့်ဖျင် က ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ အလားတူ ထိုင်ဝမ်ကျွန်းရှိ လွတ်လပ်ရေးကြိုးပမ်း နေသည့်အဖွဲ့များသည် ဒေသတွင်း၌ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးတို့နှင့် မကိုက်ညီကြောင်း၊ ထို့ကြောင့် အမေရိကန်အနေဖြင့် ထိုင်ဝမ်ကျွန်း၏ လုပ်ဆောင်မှု အချို့ကို အတိအလင်းကန့်ကွက်ကာ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းမှုကို ထောက်ခံအားပေးရန် ရှီကျင့်ဖျင် က ဂျိုးဘိုင်ဒင် ကို ပြောသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား၌ ဖြတ်သန်းမရနိုင်သည့် မျဉ်းနီလေးကြောင်း ရှိကြောင်း၊ ထိုမျဉ်းများမှာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေးစနစ်များနှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု အခွင့်အရေးတို့ဖြစ်ပြီး ထိုမျဉ်းများကို နည်းနည်းလေးမှပင် စိန်မခေါ်သင့်ကြောင်း ရှီကျင့်ဖျင် က ဂျိုးဘိုင်ဒင် ကို ပြောထားသည်ဟု The South China Morning Post သတင်းဌာန ဖော်ပြချက်အရသိရသည်။

18 Nov

ADVERTISE HERE .