ဂရိအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ အင်္ဂလန်အသင်း

17 Nov

နိုဝင်ဘာလ ၁၅ ရက်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ယူအီးအက်ဖ်အေ နေရှင်းလိဂ်ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းက ဂရိအသင်းကို ၃ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် ၇ မိနစ်မှာ ဝက်စ်ကင်း၊ ပွဲချိန် ၇၈ မိနစ်မှာ အိုဒီဆက်စ်(OG)၊ ပွဲချိန် ၈၃ မိနစ်မှာ ကာတစ်ဂျူံးစ် တို့က အသီးသီးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းက ယူအီးအက်ဖ်အေ နေရှင်းလိဂ်ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်အဖြစ် လာမည့် နိုဝင်ဘာလ ၁၇ ရက်မှာ အိုင်ယာလန်အသင်းနဲ့ ထပ်မံယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။(NVS 008)

17 Nov

ADVERTISE HERE .