G-20 ထိပ်သီးညီလာခံလုံခြုံရေးအတွက် ဘရာဇီးနိုင်ငံ၌ အင်အားထပ်မံဖြည့်တင်း

17 Nov

ဘရာဇီးနိုင်ငံသည် G-20 ထိပ်သီးညီလာခံလုံခြုံရေးအတွက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ သံချပ်ကာ ယာဉ်များနှင့် ရေတပ်သင်္ဘောများကိုပါ အင်အားထပ်မံဖြည့်တင်းထားကြောင်း သတင်းများတွင် ဖော်ပြထားသည်။ G-20 အုပ်စု ထိပ်သီးညီလာခံကို ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့၌ နိုဝင်ဘာလ ၁၈ ရက်မှ ၁၉ ရက်ထိ ကျင်းပမည်ဖြစ်သည်။ ရီယိုဒီဂျနေရိုး G-20 ထိပ်သီးညီလာခံသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်အပါအဝင် G-20 အုပ်စုနိုင်ငံများမှ ခေါင်းဆောင်များတက်ရောက်ကြမည်ဖြစ်သည်။ ရီယိုဒီဂျနေရိုး G-20 ထိပ်သီးညီလာခံလုံခြုံရေးအတွက် လက်ရှိတာဝန်ပေးအပ်ထားသော လုံခြုံရေး အင်အားစုများအပြင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ သံချပ်ကာယာဉ်များနှင့် စစ်သင်္ဘောများကိုပါ ထပ်မံအင်အား ဖြည့်တင်းထားကြောင်း ဘရာဇီးအစိုးရက သတင်းထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၁၃ ရက်တွင် ဘရာဇီးလီးယားမြို့ရှိ ဘရာဇီးတရားလွှတ်တော်ချုပ် အဆောက်အအုံကို ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် G-20 ထိပ်သီးညီလာခံလုံခြုံရေးကို ဘရာဇီးအစိုးရက ထပ်မံမြှင့်တင်ထားခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် G-20 ထိပ်သီးညီလာခံကျင်းပမည့် ရီယိုဒီဂျနေးရိုးမြို့ ပင်လယ်အော်ဘက်ရှိ မော်ဒန်အတ်ပြတိုက်ဝန်းကျင်၌ ဘရာဇီးလုံခြုံရေးတပ်ဖွဲ့ဝင်များက ကင်းလှည့်နေပြီး အနီးဝန်းကျင်လမ်းများကို ယာဉ်အဝင်အထွက် ပိတ်ပင်ထားကြောင်း သိရသည်။

17 Nov

ADVERTISE HERE .