ပီဒရီ နှင့် ဂါဗီ ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေတဲ့ ဘာစီလိုနာအသင်း
16 Novဘာစီလိုနာအသင်းက အသင်းရဲ့ လူငယ်ကစားသမားများဖြစ်တဲ့ ပီဒရီ နဲ့ ဂါဗီ ကို ၂၀၂၉ ခုနှစ်အထိ စာချုပ် သက်တမ်းတိုးရန် စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။ အသက် ၂၁ အရွယ် ကွင်းလယ်ကစားသမား ပီဒရီ နဲ့ အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမား ဂါဗီ တို့ဟာ ဘာစီလိုနာအသင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကြောင့် သက်တမ်းတိုးရန် စီစဉ်နေတာဖြစ်ပါတယ်။ ပီဒရီ ဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၁၆၀ ကစားနိုင်ခဲ့ပြီ သွင်းဂိုး ၂၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို ဂါဗီ ကလည်း ပြိုင်ပွဲစုံ ၁၁၇ ပွဲမှာ ၇ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ (NVS 008)
16 Nov