ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် ရေပန်းအစားဆုံးဖြစ်နေတဲ့ လီဗာပူးလ်အသင်း
16 Nov၂၀၂၄-၂၀၂၅ ခုနှစ်ရဲ့ ဘောလုံးရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးရန် လီဗာပူးလ်အသင်းဟာ ရေပန်းအစားဆုံးဖြစ်လာခဲ့ပါတယ်။ လီဗာပူးလ်အသင်းက ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲ ကစားအပြီးမှာ ရမှတ် ၂၈ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး အဆင့် ၂ နေရာက မန်စီးတီးအသင်းနဲ့ ရမှတ် ၅ မှတ်အထိ ကွာဟနေတာကြောင့် ချန်ပီယံဖြစ်ရန် ရေပန်းစားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးလ်အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံး နေရာမှာ ရပ်တည်နေပြီး နောက်တစ်ဆင့်တက်ရောက်ရန် သေချာသလောက်ရှိနေတာ ဖြစ်ပါတယ်။(NVS 008)
16 Nov