မန္တလေး-သာစည်လမ်းပိုင်း ရထားလမ်းပိုင်းအား နိုဝင်ဘာလ ၁၈ ရက်မှ ၁၉ ရက်တို့တွင် ယာယီပိတ်ထားမည်

16 Nov

တိုင်ဖွန်းမုန်တိုင်းရာဂီကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုများကြောင့် ပျက်စီးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စမုံနှင့်သပြေတောင်းအကြား အဆန်ရထားလမ်း တံတားအမှတ် (၆၉၁)ကမ်းကပ်ခုံရေတိုက်စားခံရ၍ ပေ ၆၀ ဘေလီသံပေါင်ဖြင့် ယာယီအစားထိုးဆောင်ရွက်ခဲ့ပြီး ယခုအခါ အသေးစိတ်ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရန်လိုအပ်မှုကြောင့် နိုဝင်ဘာလ ၁၈ နှင့် ၁၉ ရက်တို့တွင် မန္တလေး-သာစည် ရထားလမ်းပိုင်းအား ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ နေ့များတွင် သာစည်-မန္တလေးပြေးဆွဲပေးလျက်ရှိသည့် အမှတ် သ-၃၀၁ အဆန်၊ သ-၃၀၂ အစုန် RBE လူစီးရထားနှင့် ရန်ကုန်-မန္တလေး-ရန်ကုန်ပြေးဆွဲလျက်ရှိသည့် အမှတ်(၁)အဆန်၊ အမှတ်(၂)အစုန် စာပို့ရထားများကို ယာယီရပ်နားထားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး-ရန်ကုန် ပြေးဆွဲလျက်ရှိသည့် အမှတ်(၁၁)အဆန်၊ အမှတ်(၁၂)အစုန် လူစီးအမြန်ရထားများကို ရန်ကုန်-သာစည်-ရန်ကုန်ခရီးစဉ်အဖြစ် ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိပါတယ်။ စမုံနှင့် သပြေတောင်းကြား အဆန်လမ်း တံတားအမှတ်(၆၉၁) စမုံတံတားအား အသေးစိတ်ပြုပြင်မှုများ ဆောင်ရွက်ပြီးသည့် နိုဝင်ဘာလ ၂၀ ရက်မှစ၍ ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသော ရထားများကို မူလပြေးဆွဲချိန်များအတိုင်း ရန်ကုန်နှင့်မန္တလေးခရီးဆုံးဘူတာများအထိ ပုံမှန်ပြေးဆွဲပေးမှာြဖစ်ပါတယ်။(NVS 008)

16 Nov

ADVERTISE HERE .