ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ၁,၀၀၀ ကျော် ထပ်မံခေါ်ယူမည်
16 Novဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား ၁,၀၀၀ ကျော် ထပ်မံခေါ်ယူ ထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ချက်အရ သိရပါတယ်။ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter)များကို မြန်မာသံရုံးအနေဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဂျပန်နိုင်ငံရှိ အလုပ်သမား ကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများ ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိနှင့် စာရွက်စာတမ်းအထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိနေတာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်အထိ လက်ခံရရှိသော စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၃၄၁ စောင်အရ အလုပ်သမား ၁,၀၄၈ ဦး ခေါ်ယူထားကြောင်း သိရပါတယ်။(NVS 008)