အမေရိကန်နှင့် အီရန်တို့ကြား တင်းမာမှုများလျှော့ချရေးအတွက် အီလွန်မက် က အီရန်သံအမတ်ကြီးနှင့် ဆွေးနွေး
16 Novအမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့ကြားတွင်ရှိသည့် တင်းမာမှုများကို လျှော့ချနိုင်ရေးအတွက် အီလွန်မက် က ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီးနှင့် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးမှုကို လျှို့ဝှက်စွာလုပ်ဆောင်ခြင်းဖြစ်ပြီး အချိန်အားဖြင့် တစ်နာရီကျော်ကြာမြင့်ကြောင်း နှင့် ဆွေးနွေးမှု၏ရလဒ်မှာ အပြုသဘောဆောင်ကြောင်း အမည်မဖော်လိုသူ အီရန်တာဝန်ရှိသူနှစ်ဦးက ပြောသည်။ ထိုသို့တွေ့ဆုံရာတွင် အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့ကြားရှိ တင်းမာမှုများ လျှော့ချနိုင်မည့်နည်းလမ်း များကို ဆွေးနွေးခဲ့ကြောင်း အဆိုပါတာဝန်ရှိသူများကပြောသည်ဟု New York Times သတင်းဌာနက ဖော်ပြ ထားသည်။ အီလွန်မက် သည် ဒေါ်နယ်ထရမ့်ကို ရွေးကောက်ပွဲကာလတွင် ထောက်ခံအားပေးခဲ့သည်သာမက ထရမ့်က သမ္မတအဖြစ် ရွေးကောက်ခံရပြီးချိန်တွင်လည်း အစိုးရအဖွဲ့၌ အရေးပါသော နေရာတစ်နေရာကို ရရှိမည့်သူ ဖြစ်သည်။