စပါးအသင်းနည်းပြ ပိုစတီကိုဂလူး နည်းပြရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိ

15 Nov

စပါးအသင်းနည်းပြ ပိုစတီကိုဂလူး အနေနဲ့ အစ်ဆွစ်ချ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ စပါးအသင်းဟာ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲအပြီးမှာ ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပြီး ရလဒ်များ ဆိုးရွားနေခြင်းကြောင့် နည်းပြ ပိုစတီကိုဂလူး ကို ရာထူးမှထုတ်ပယ်ဖို့ စီစဉ်လာခြင်းဖြစ်ပါတယ်။ အသက် ၅၉ နှစ်အရွယ် နည်းပြ ပိုစတီကိုဂလူး ဟာ စပါးအသင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လမှာ စတင်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲ ၅၈ ပွဲတွင် ၃၁ ပွဲနိုင်၊ ၈ ပွဲသရေနဲ့ ၁၉ ပွဲရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါကြောင့် စပါးအသင်းက လက်ရှိထွက်ပေါ်နေတဲ့ သတင်းများအရ နည်းပြ ပိုစတီကိုဂလူး ကို ထုတ်ပယ်သွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။(NVS 008)

15 Nov

ADVERTISE HERE .