ဘောလုံးကစားသမားဘဝမှ အနားယူခဲ့တဲ့ ဘာဘယ်လ်

15 Nov

အေဂျက်စ်အသင်း တောင်ပံကစားသမားဟောင်း ဘာဘယ်လ် က ဘောလုံးကစားသမားဘဝမှ အနားယူကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ ဘာဘယ်လ် ဟာ ကစားသမားတစ်လျှောက်တွင် အေဂျက်စ်၊ လီဗာပူးလ်၊ ဖူလ်ဟမ်၊ ဂါလာတာစာရေး စသည့် ကလပ်အသင်းများအပြင် အခြားကလပ်အသင်းများစွာမှာ ကစားပြီး အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သလို နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ နယ်သာလန်လက်ရွေးစင်အသင်းနဲ့အတူ ပြိုင်ပွဲပေါင်း ၆၉ ပွဲကစားကာ ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဘာဘယ်လ် အနေနဲ့ ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်းနဲ့ ကစားသမားဘဝ ဘောလုံးကစားခဲ့တဲ့အချိန်တွေကို အမြဲအမှတ်ရနေမှာဖြစ်ကြောင်းနဲ့ အားပေးတဲ့ပရိသတ်တစ်ဦးချင်းစီကို အထူးကျေးဇူး တင်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)

15 Nov

ADVERTISE HERE .