အင်္ဂလန်အသင်းလူစာရင်းမှ ကစားသမားရှစ်ဦးအထိ ဒဏ်ရာကြောင့်ချန်လှပ်ခဲ့ကြောင်း အက်ဖ်အေထုတ်ပြန်
15 Novနေရှင်းလိဂ်ပြိုင်ပွဲ ကစားမည့် အင်္ဂလန်အသင်းလူစာရင်းမှ ကစားသမားရှစ်ဦးအထိ ဒဏ်ရာပြဿနာကြောင့် ချန်လှပ်ခဲ့ရကြောင်း အက်ဖ်အေက ထုတ်ပြန်ခဲ့ပါတယ်။ အင်္ဂလန်အသင်းက ပြီးခဲ့တဲ့လမှာ နည်းပြ ကာစလေ ကို ထုတ်ပယ်ပြီး နည်းပြ တူချယ်ကို အစားထိုးခဲ့ပြီးနောက် နေးရှင်းလိဂ်ပြိုင်ပွဲအတွက် ကစားသမား ၂၅ ဦးထိရွေးချယ်ထားခဲ့ပေမယ့် ယခုအခါ အဓိက ကစားသမားများဖြစ်တဲ့ အာနိုး၊ ဆာကာ၊ ဂရီးလစ်ရှ်၊ ဖိုဒန်၊ ကိုဝဲလ် နဲ့ ရမ်ဒေးလ် တို့အပါအဝင် ကစားသမားရှစ်ဦးအထိ ဒဏ်ရာရရှိနေတာကြောင့် အသင်းလူစာရင်းမှ ချန်လှပ်ခဲ့ပြီး လူငယ်ကစားသမားများနဲ့ အစားထိုးခဲ့ရပါတယ်။ လက်ရှိတွင် နည်းပြ တူချယ် က အေဗီလာအသင်းမှ ကွင်းလယ်ကစားသမား ရော်ဂျာ၊ ဝက်စ်ဟမ်းအသင်းမှ တိုက်စစ်မှူး ဘိုဝင်၊ အဲဗာတန် ခံစစ်ကစားသမား ဘရန့်ဝိတ်၊ နယူးကာဆယ်အသင်းမှ လီဗရာ မန်တို၊ ဘန်လေအသင်း ဂိုးသမား မက်တာနာ တို့ ငါးဦးကိုသာ ခေါ်ယူဖြည့်တင်းခဲ့ပါတယ်။ နည်းပြ တူချယ် ရွေးချယ်ထားတဲ့ ကစားသမား ၂၃ ဦးစာရင်းမှာ ဂိုးသမား ဟန်ဒါဆန်၊ ပစ်ဖို့ဒ်၊ မက်တာနာ၊ ခံစစ်ပိုင်းတွင် ဂူဟီ၊ လူးဝစ်၊ အဲရစ်ကွန်ဆာ၊ ဝေါ်လ်ကာ၊ လူးဝစ်ဟော၊ ဟားဝုဒ်ဘဲလစ်၊ ဘရန့်ဝိတ်၊ လီဗရာ မန်တို၊ ကွင်းလယ်ပိုင်းတွင် ဂယ်လာဟာ၊ ဂစ်ဝှိုက်၊ ဘယ်လင်ဂမ်၊ ကာတစ်ဂျုန်း၊ အိန်ဂျယ်ဂိုးမက်စ်၊ ရော်ဂျာ၊ တိုက်စစ်ပိုင်းတွင် ဂေါ်ဒွန်၊ ဟယ်ရီကိန်း၊ မက်ဒူခီ၊ ဝက်ကင်း၊ ဆိုလန်ကီ နဲ့ ဘိုဝင် တို့ ပါဝင်ခဲ့ပါတယ်။(NVS 008)