လက်ရှိဘဏ္ဍာနှစ် ခုနစ်လတာအတွင်း ပြည်ပသို့ ရေထွက်ကုန် ငါးမက်ထရစ်တန် နှစ်သိန်းကျော်တင်ပို့နိုင်

15 Nov

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ လက်ရှိဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၃၁ ရက်အထိ ခုနစ်လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန် ငါးမက်ထရစ်တန် နှစ်သိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၃၁ ရက်အတွင်း ပြည်ပသို့ ရေထွက်ကုန်ငါးတင်ပို့မှု အနေနဲ့ ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၉၈,၄၈၀ ဒသမ ၆၂၂ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၅၃၁ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ၁၀၂,၀၃၁ ဒသမ ၇၀၁ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၉၄၂ သန်း စုစုပေါင်းရေထွက်ကုန် မက်ထရစ်တန် ၂၀၀,၅၁၂ ဒသမ ၃၂၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၁၇ ဒသမ ၄၇၃ သန်း ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကာလတူက ပြည်ပသို့ ရေထွက်ကုန်ငါးတင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၁၄၇,၁၈၅ ဒသမ ၂၂၉ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၇၄ ဒသမ ၉၀၃ သန်း ရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ရေထွက်ကုန် များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဂျပန်နိုင်ငံ စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိသည့် အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။(NVS 008)

15 Nov

ADVERTISE HERE .