LNG Terminal တည်ဆောက်ပြီး သဘာဝဓာတ်ငွေ့ မျှဝေသုံးစွဲနိုင်ရန် အပါအဝင် စွမ်းအင်ဆိုင်ရာများဆွေးနွေး

15 Nov

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားအဖွဲ့က နိုဝင်ဘာလ ၁၁ ရက် တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ China National Petroleum Corporation(CNPC)၌ CNPC ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံလုံးမှ သဘာဝဓာတ်ငွေ့လိုအပ်ချက်များအတွက် မြန်မာ နိုင်ငံတွင် LNG Terminal တည်ဆောက်ပြီး သဘာဝဓာတ်ငွေ့ကို မျှဝေသုံးစွဲနိုင်ရန်နှင့် ဆောင်ရွက်နိုင်မည့် အခြေအနေ များအပါအဝင် စွမ်းအင်ဆိုင်ရာကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို မြန်မာ-တရုတ်နှစ်နိုင်ငံလုံးမှ စွမ်းအင် ဆိုင်ရာတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြတယ်လို့ စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။ ဆွေးနွေးပွဲ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှုများကို တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ ရေနံချက်စက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တိုးချဲ့တည်ဆောက်ခြင်း၊ စီမံကိန်းများအတွက် လိုအပ်သည့် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့များ စဉ်ဆက်မပြတ်ရရှိနိုင်ရေး၊ မြန်မာ-တရုတ် ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများ၏ စွမ်းရည်အပြည့်အသုံးပြုနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ အလားအလာကောင်းသော ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများ၊ ပိုက်လိုင်းများတည်ဆောက်ခြင်းနှင့် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ၊ ရေနံချက်စက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း များအတွက် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်မယ့် အခြေအနေများကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုဝင်ဘာ ၁၂ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့က ပေကျင်းမြို့ရှိ အမျိုးသားစွမ်းအင်အုပ်ချုပ်မှုအဖွဲ့ (National Energy Administration-NEA)၌ NEA ဒုတိယအကြီးအကဲ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံစွမ်းအင်ဆိုင်ရာမူဝါဒများ၊ မဟာဗျူဟာများ၊ စွမ်းအင်ဖူလုံမှုနှင့် လုံခြုံမှုအတွက် နှစ်နိုင်ငံဆောင်ရွက်နေသည့် အခြေအနေများ၊ Green Energy နှင့် New Energy များအတွက် တရုတ်နိုင်ငံမှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍတွင် အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက တို့ဖြင့် ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်နေရာ မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ အချက်အချာကျသည့် အားသာချက်ကိုရယူ၍ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ စွမ်းအင်ကဏ္ဍတွင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထပ်မံဆောင်ရွက်ပေးနိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။(NVS 008)

15 Nov

ADVERTISE HERE .