တောင်ကိုရီးယားက ယူကရိန်းသို့ လက်နက်ထောက်ပံ့မည့်အစီအစဉ်ကို နောက်တစ်ကြိမ်ပြန်စဉ်းစားနေရ

15 Nov

တောင်ကိုရီးယားအစိုးရက ယူကရိန်းသို့ လက်နက်များထောက်ပံ့ပေးမည့် အစီအစဉ်ကို နောက်တစ်ကြိမ် ပြန်စဉ်းစားနေရကြောင်း သိရသည်။ အမေရိကန်နိုင်ငံ၌ ဒေါ်နယ်ထရမ့် က သမ္မတအဖြစ် ရွေးကောက်ခံပြီးနောက် ၎င်း၏မူဝါဒ ပြောင်းလဲလာ နိုင်မှုအပေါ် သုံးသပ်၍ တောင်ကိုရီးယားက ယူကရိန်းသို့ လက်နက်များထောက်ပံ့ပေးမည့် အစီအစဉ်ကို ပြန်လည် စဉ်းစားနေရခြင်းဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရအဖွဲ့မှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။ တောင်ကိုရီးယားသည် အမေရိကန်သမ္မတ ဘိုင်ဒင် လက်ထက်တွင် ယူကရိန်းသို့ လက်နက်များ တိုက်ရိုက် ထောက်ပံ့ပေးရန် စဉ်းစားထားခြင်းဖြစ်သည်။ ထိုသို့ ထောက်ပံ့ပေးမှုသည် တောင်ကိုရီးယားနိုင်ငံကို ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း တိုက်ရိုက်ပါဝင်ပတ်သက်သွားစေမည်ဖြစ်သည်။ သို့သော် တောင်ကိုရီးယားက ယူကရိန်းသို့ လက်နက်များ ထောက်ပံ့မှုပေး၊ မပေးသည် ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေးနှင့်လည်း သက်ဆိုင်နေသည်ဟု သိရသည်။

15 Nov

ADVERTISE HERE .