ကုန်ဈေးနှုန်းသတင်း ၁၄.၁၁.၂၀၂၄

14 Nov

အောက်တိုဘာလ ၁၄ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေပေမယ့် ပြောင်းဆန်နဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ် နေပါတယ်။ ကြက်သွန်ဖြူ၊ မန်ကျည်းသီးနဲ့ အာလူးဈေးတွေ အနည်းငယ် တက်လာပြီး ကြက်သွန်နီ၊ ထန်းလျက်နဲ့ သကြားဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၁၁၄,၃၉၆ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၂၆,၆၄၂ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၉၄၀ ကျပ်ကနေ ၅,၉၇၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၂၂,၁၄၂ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၆,၁၈၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၂၀ ကျပ်ကနေ ၁,၅၄၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၅,၆၆၅ ကျပ်ကနေ ၅,၇၅၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၁၄၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၄၉၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၀၀ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၁၆၅ ကျပ်ကနေ ၇,၇၅၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၇,၁၆၅ ကျပ်ကနေ ၇,၈၃၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၀၀၀ ကျပ်ကနေ ၄,၂၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၂,၀၀၀ ကျပ်ကနေ ၁၅,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၁၂,၅၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၈,၅၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၁၂,၀၀၀ ကျပ်၊ ငါးကျီးကြပ်တိုက် တစ်ပိဿာကို ၆၀,၀၀၀ ကျပ်ကနေ ၇၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၇၄ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၅၂၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၆၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၀၃၀ ကျပ်၊ မန္တလေးမှာ ၃,၁၁၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၉၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၂၁၀ ကျပ်၊ မန္တလေးမှာ ၃,၂၉၅ ကျပ်၊ နေပြည်တော်မှာ ၃,၂၇၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၉၀ ကျပ်၊ မန္တလေးမှာ ၂,၇၇၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၄၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၃၄၅ ကျပ်၊ မန္တလေးမှာ ၃,၄၂၅ ကျပ်၊ နေပြည်တော်မှာ ၃,၄၀၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၂၉၈,၃၁၃/-) ငါးဆယ် နှစ်သိန်း ကိုးသောင်း ရှစ်ထောင် သုံးရာ တစ်ဆယ် သုံးကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၀၅၀,၀၀၀ိ/-) ခြောက်ဆယ် ငါးသောင်းကျပ် ရှိနေတယ်လို့ သိရပါ တယ်။

14 Nov

ADVERTISE HERE .