“စပိန်လက်ရွေးစင်အသင်း လူစာရင်းမှ နုတ်ထွက်ခဲ့တဲ့ ယာမယ်လ်”
14 Novဘာစီလိုနာအသင်းတောင်ပံကစားသမား ယာမယ်လ် ဟာ ဒဏ်ရာပြဿနာကြောင့် စပိန်လက်ရွေးစင်အသင်း လူစာရင်းမှ နုတ်ထွက်သွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တောင်ပံကစားသမားအနေနဲ့ ကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနှင့်အတူ ပါဝင်ကစားရင်း ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ယာမယ်လ် ဟာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရခြင်းကြောင့် စပိန်လက်ရွေးစင်အသင်းအတွက်လည်း ကြီးမားသည့် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် ယာမယ်လ် အနေနဲ့ စပိန်လက်ရွေးစင်အသင်းနှင့်အတူ ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပြိုင်ပွဲပေါင်း ၁၇ ပွဲကစားကာ ၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ စပိန်လက်ရွေးစင်အသင်းဟာ နေရှင်းလိဂ်ပွဲစဉ်အဖြစ် လာမယ့် နိုဝင်ဘာလ ၁၆ ရက်မှာ ဒိန်းမတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ (NVS 008)
14 Nov