“ပထမဆုံးဆုဖလားဆွတ်ခူးခဲ့တဲ့ ဖလာမင်ဂိုအသင်းနည်းပြ ဖိလစ်ပီလူးဝစ်”

14 Nov

ဘရာဇီးလ်လက်ရွေးစင်နောက်ခံလူဟောင်း ဖိလစ်ပီလူးဝစ်က ဖလာမင်ဂိုအသင်းနည်းပြအဖြစ် ခန့်အပ်ခံရ ပြီးနောက် တစ်လကျော်အကြာမှာ ပထမဆုံးဆုဖလား ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။ ဖလာမင်ဂိုအသင်းက ဘရာဇီးလ်ဖလားပြိုင်ပွဲဗိုလ်လုပွဲ ဒုတိယအကျော့မှာ အက်သလက်တီကိုမင်နဲရိုး အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုး၊ ၁ ဂိုးနဲ့အနိုင်ရရှိကာ ဆုဖလားရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၃၉ နှစ်အရွယ် ဖိလစ်ပီလူးဝစ် က စက်တင်ဘာလ ၃၀ ရက်မှာ ဖလာမင်ဂိုအသင်း ယာယီနည်းပြအဖြစ် ခန့်အပ်ခံရပြီး တစ်ရက်အကြာမှာ အမြဲတမ်းနည်းပြ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဖလာမင်ဂို အသင်းရဲ့ အမြဲတမ်းနည်းပြဘဝ ရက် ၄၀ ပြည့်မြောက်တဲ့နေ့မှာ ဆုဖလား ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖလာမင်ဂိုအသင်းက နည်းပြသစ် ဖိလစ်ပီလူးဝစ်လက်ထက် ရှစ်ပွဲကစားရာတွင် ခြောက်ပွဲ အနိုင်ရထားပြီး ဘရာဇီးလ်စီးရီးအေ၌ အဆင့် ငါးနေရာတွင် ရပ်တည်နေပါတယ်။ (NVS 008)

14 Nov

ADVERTISE HERE .