ဂွါဒီယိုလာ အနေနဲ့ နိုင်ငံတကာ ရက်သတ္တပတ်မှာ အနာဂတ်ကို ဆုံးဖြတ်ရန်မျှော်လင့်နေတဲ့ မန်စီးတီးအသင်း
14 Novမန်စီးတီးအသင်းက နည်းပြ ဂွါဒီယိုလာအနေနဲ့ နိုဝင်ဘာလ နိုင်ငံတကာရက်သတ္တပတ်အတွင်းမှာ ၎င်း၏ အနာဂတ်ကို ဆုံးဖြတ်ရန် မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဂွါဒီယိုလာ က လာမယ့်နွေရာသီမှာ မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်ချုပ် ဆိုခြင်း ပြု၊ မပြုကို မဆုံးဖြတ်သေးဘူးလို့ သိရပါတယ်။ မန်စီးတီးအသင်းက ဂွါဒီယိုလာ ကို သက်တမ်းတိုးရန် အသင့်ရှိနေပေမယ့် ၎င်း၏သဘောထားကသာ အဓိကကျနေတဲ့အတွက် အကယ်၍ လမ်းခွဲမည်ဆိုပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အမြန်ဆုံးအဆုံးအဖြတ် ပေးရန် လိုလားနေခြင်းဖြစ်ကြောင်း သိရပါတယ်။ မန်စီးတီးအသင်းက ဂွါဒီယိုလာရဲ့နေရာမှာ အစားထိုးရန်အတွက် လေဗာကူဆင်နည်းပြ ဇာဘီအလွန်ဆို ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ (NVS 004)
14 Nov