“အင်ဒိုနီးရှားနှင့် ဩစတြေးလျတို့က ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဆောင်ရွက်”
14 Novအင်ဒိုနီးရှားစစ်ဘက်နှင့် ဩစတြေးလျစစ်ဘက်တို့က တပ်ဖွဲ့ဝင်အင်အား ၂,၀၀၀ ကျော် ပါဝင်သည့် ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းကြီးတစ်ခုကို နိုဝင်ဘာလ ၁၃ ရက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနှင့် ဩစတြေးလျနိုင်ငံတို့ကြား အာရှ-ပစိဖိတ်ဒေသအတွင်း လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ရေး အတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုထားသော ကာကွယ်ရေးသဘောတူစာချုပ်တစ်ခုကို လက်မှတ်ထိုးပြီးနောက် ယခုပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ဆောင်ရွက်ခြင်းဖြစ်သည်။ ကရိဝူးမရာ အမည်ရှိ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းကို အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း၌ လေးရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဝေဟင်၊ မြေပြင်၊ ရေပြင်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများလည်း ပါဝင် သည်။ အလားတူ ပစ်ခတ်စဉ်ပါ လေ့ကျင့်ခန်းတစ်ခုတွင် တင့်များ၊ သင်္ဘောများ၊ တိုက်လေယာဉ်များ၊ ကမ်းထိုး ယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့်အတူ စစ်သည်များလည်း ပါဝင်သွားမည်ဖြစ်ကြောင်း AFP သတင်းဌာန တွင် ဖော်ပြထားသည်။