“ယူကရိန်းနိုင်ငံရှိ ကိယက်မြို့က ၇၃ ရက်အတွင်း ပထမဆုံးအဖြစ် ဒရုန်း-ဒုံးကျည်ပေါင်းစပ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရ”
14 Novယူကရိန်းနိုင်ငံ၏မြို့တော် ကိယက်မြို့သည် ၇၃ ရက်အတွင်း ပထမဆုံးအဖြစ် ဒရုန်း-ဒုံးကျည်ပေါင်းစပ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဒေသတွင်း တာဝန်ရှိသူများက ပြောသည်။ ထိုကဲ့သို့ ပေါင်းစပ်တိုက်ခိုက်မှုကို ရုရှား က နိုဝင်ဘာလ ၁၃ ရက်တွင် လုပ်ဆောင်ခြင်းဖြစ်ပြီး အချိန်အားဖြင့် နှစ်နာရီကျော် ကြာမြင့်ကြောင်း ကိယက်မြို့စစ်ဘက်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ထို့ပြင် ယင်းတိုက်ခိုက်မှုတွင် အမြင့်ပျံဒုံးကျည်များ နှင့် အနိမ့်ပျံဒုံးကျည်များသာမက တိုက်ခိုက်ရေးဒရုန်းများလည်းပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။ ရုရှား က ပစ်ခတ်လိုက်သောဒုံးကျည်များအနက် အများအပြားကို ယူကရိန်း၏လေကြောင်းရန် ကာကွယ် ရေး တပ်ဖွဲ့က ကြားဖြတ်ပစ်ချလိုက်နိုင်ကြောင်းနှင့် ဒရုန်း ၁၀ စင်းကိုလည်း ဟန့်တားနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ရုရှားစစ်ဘက်က တိုက်ခိုက်ရေး ဒရုန်းအစင်း ၉၀ ၊ Tu-95MC ဗုံးကြဲ လေယာဉ်မှ Kh-101 အမြင့်ပျံဒုံးကျည်နှစ်စင်း၊ Iskander-M/KN-23 အမြင့်ပျံ ဒုံးကျည်နှစ်စင်းနှင့် S-300 ပဲ့ထိန်း ဒုံးကျည်နှစ်စင်းတို့ကို ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု ရုရှားလေတပ် က ပြောသည်။ ယူကရိန်းဘက် က ရုရှားနိုင်ငံ မော်စကိုမြို့ကို ဒရုန်းများဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းပြီးနောက် ရုရှား၏ ယခုကဲ့သို့ လက်တုံ့ပြန်တိုက်ခိုက်မှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။