“တန်ဆောင်တိုင်ပိတ်ရက်မှာ ရန်ကုန်-မော်လမြိုင် အစုန်/အဆန် အထူးရထားများပြေးဆွဲပေးမည်”

14 Nov

တန်ဆောင်တိုင်ပိတ်ရက်မှာ အများပြည်သူများနှင့်ဝန်ထမ်းများ သွားလာမှုအဆင်ပြေစေရန် ရန်ကုန်-မော်လမြိုင် အစုန်/အဆန်အထူးရထားများ ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ မော်လမြိုင်ဘူတာကြီးထံမှ သိရပါတယ်။ အထူးရထားများက လေအိတ်တွဲဆိုင်းများဖြစ်ပြီး ရန်ကုန်-မော်လမြိုင်အဆန်အထူးရထားတဲ့ မနက်ဖြန် နိုဝင်ဘာလ ၁၄ ရက်နံနက် ၇ နာရီ ၄၅ မိနစ်မှာ ရန်ကုန်ဘူတာကြီးမှစတင်ထွက်ခွာ၍ မော်လမြိုင်ဘူတာသို့ ညနေ ၅ နာရီ ၄၅ မိနစ်၌ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် မော်လမြိုင်-ရန်ကုန် အစုန်အထူးရထားက နိုဝင်ဘာလ ၁၇ ရက်နံနက် ၉ နာရီ ၁၅ မိနစ်တွင် မော်လမြိုင်ဘူတာမှစတင်ထွက်ခွာ၍ ညနေ ၇ နာရီ ၁၅ မိနစ်မှာ ရန်ကုန်ဘူတာကြီးသို့ ဆိုက်ရောက်မှာဖြစ်ပါတယ်။ အထူးရထားများသည်လမ်း၌ မုတ္တမ၊ ပေါင်၊ ဇင်းကျိုက်၊ ရင်းငြိမ်၊ သထုံ၊ သိမ်ဆိပ်၊ နှင်းပုလဲ၊ တောင်စွန်း၊ မရမ်းကုန်း၊ ကျိုက်ထို၊ ကျိုက္ကသာ၊ မုပ္ပလင်၊ သိမ်ဇရပ်၊ ဝေါ၊ ပဲခူး၊ တိုးကြောင်ကလေးဘူတာများတွင် ရပ်တန့်ပေးသွားမည်ဖြစ်တယ်လို့ သိရပါတယ်။ တန်ဆောင်တိုင်ပိတ်ရက်မှာ အထူးရထားများပြေးဆွဲ ပေးသွားမည့်နည်းတူ မော်လမြိုင်- ရန်ကုန် နေ့စဉ်ပြေးဆွဲလျက်ရှိတဲ့ အမှတ် (၈၂) အစုန်ရထားကို ပုံမုန်အတိုင်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

14 Nov

ADVERTISE HERE .