“မန္တလေးစွယ်တော်မြတ်စေတီတော်တွင် ဆီမီး ၁,၀၀၀ ထွန်းညှိပူဇော်ပွဲ ကျင်းပမည်”

14 Nov

မန္တလေးမြို့ရှိ စွယ်တော်မြတ်စေတီတော်ကြီးမှာ တန်ဆောင်မုန်းလပြည့်နေ့၌ ဆီမီး ၁,၀၀၀ ထွန်းညှိပူဇော်ပွဲကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးစွယ်တော်မြတ်စေတီတော်ဂေါပက အဖွဲ့မှ သိရပါတယ်။ စွယ်တော်မြတ်စေတီတော်မှာ ဆီမီး ၁,ဝဝဝ ထွန်းညှိပူဇော်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဂေါပက အဖွဲ့များရဲ့ ဦးဆောင်မှုနဲ့ လုပ်ငန်းကော်မတီများဖွဲ့စည်းပြီး စနစ်တကျစီမံချက်ရေးဆွဲကာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါဆီမီးထွန်းညှိပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့ ညနေ ၅ နာရီမှစတင်ပြီး စွယ်တော်မြတ် စေတီရင်ပြင်တော်ပေါ်မှာ တာဝန်ရှိဂေါပကအဖွဲ့မှ ဦးဆောင်ပြီး ဆီမီး ၁,ဝဝဝ ကို ထွန်းညှိပူဇော်သွားမှာ ဖြစ်ပါတယ်။ အဆိုပါပူဇော်ပွဲ ကျင်းပတဲ့အခါမှာလည်း အမရပူရမြို့နယ်၏ အရှေ့ဘက်ခြမ်း၊ စွယ်တော်မြတ်စေတီတော်၏ ဂေါစဂမ်အဖြစ် သတ်မှတ်ထားတဲ့ ၁၈ အုပ်စု၊ ကျေးရွာအနေနဲ့ ၂၄ ရွာမှ ဘုရားဖူးပြည်သူများအပြင် မန္တလေးမြို့ပေါ်နှင့် ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်နိုင်တယ်လို့ သိရပါတယ်။ (NVS 004)

14 Nov

ADVERTISE HERE .