“ဆောင်းရာသီဈေးကွက်တွင် စပါးအသင်းမှ ထွက်ခွာတော့မယ့် ရယ်ဂီလွန်”

13 Nov

စပါးအသင်း နောက်ခံကစားသမား ရယ်ဂီလွန် ဟာ လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ စပါးအသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာတော့မယ်လို့ သိရပါတယ်။ ရယ်ဂီလွန် ကို လက်ရှိအချိန်မှာ စပိန်လာလီဂါအသင်းများဖြစ်တဲ့ ဆီဗီလာအသင်းနဲ့ ဂီတာဖေးအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပါတယ်။ ရယ်ဂီလွန် အနေနဲ့ စပါးအသင်းနဲ့အတူ ၂၀၂၀-၂၀၂၁ မှ ယခုဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၆၇ ပွဲကစားပြီး ၂ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ အသင်းတာဝန်ရှိသူများနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေခြင်းကြောင့် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ ရယ်ဂီလွန် အနေနဲ့ စပါးအသင်းမှ ထွက်ခွာပြီးနောက် ဘယ်အသင်းကို ရောက်ရှိသွားမလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ (NVS 008)

13 Nov

ADVERTISE HERE .