“တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ်များစွာ အနားယူရတော့မယ့် အလက်ဇန္ဒား အာနိုးလ်”
13 Novလီဗာပူးလ်အသင်းနောက်ခံကစားသမား အလက်ဇန္ဒား အာနိုးလ် ဟာ တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ်များစွာ အနားယူရတော့မှာဖြစ်ကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းက အက်စတွန်ဗီလာအသင်းကို နှစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အခုလို ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အာနိုးလ် ဒဏ်ရာရရှိခဲ့တာကြောင့် လီဗာပူးလ်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက် တစ်ခု ဖြစ်လာခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် နောက်ခံကစားသမား အာနိုးလ် ဟာ လီဗာပူးလ်အသင်းနဲ့အတူ ၂၀၁၆-၂၀၁၇ မှ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၃၂၅ ပွဲကစားပြီး ၁၉ ဂိုး သွင်းယူကာ ခြေစွမ်းပြကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
13 Nov