“ရိုးမားအသင်းက အသင်းနည်းပြ ဂျူရစ် အား ထုတ်ပယ်”

13 Nov

စီးရီးအေကလပ် ရိုးမားအသင်းက အသင်းရလဒ်များ ဆိုးရွားခြင်းကြောင့် မကြာသေးမီက ခန့်အပ်ထားခဲ့တဲ့ နည်းပြ ဂျူရစ် အား ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ရိုးမားအသင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ စီးရီးအေပွဲစဉ် ၁၂ ပွဲကစားအပြီး ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၁၂ နေရာ၌ ရပ်တည်နေကာ ရလဒ်များဆိုးဝါးနေတာဖြစ်ပါတယ်။ နည်းပြ ဂျူရစ် အနေနဲ့ ရိုးမားအသင်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်မှာ စတင်ကိုင်တွယ်ခဲ့ပြီး ပွဲစဉ် ၁၂ ပွဲတွင် ၄ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၅ ပွဲရှုံး ရလဒ်ကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရိုးမားအသင်းက နည်းပြ ဂျူရစ် အား အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခဲ့ပြီး နည်းပြသစ်တစ်ဦး ခန့်အပ်နိုင်ရေးအတွက် အမြန်ရှာဖွေလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 008)

13 Nov

ADVERTISE HERE .