“ရုရှားနှင့်မဟာဗျူဟာမြောက်လုံခြုံရေးသဘောတူညီချက်ကို မြောက်ကိုရီးယားအတည်ပြု"
13 Novရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ လက်မှတ်ထိုးထားသည့် မဟာဗျူဟာမြောက်လုံခြုံရေးသဘောတူညီချက်ကို မြောက်ကိုရီးယားအစိုးရက အတည်ပြုလိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာနက နိုဝင်ဘာလ ၁၂ ရက်တွင် ဖော်ပြထားသည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ထိုသဘောတူညီချက်ကို အတည်ပြုရေးအတွက် ဒီဂရီတစ်ခုကို နိုဝင်ဘာလ ၁၁ ရက်တွင် လက်မှတ်ရေးထိုး လိုက် ခြင်း ဖြစ်သည်။ ရုရှားသမ္မတ က အလားတူဆောင်ရွက်ချက်ကို လုပ်ဆောင်ပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင်ကလည်း လိုက်ပါဆောင်ရွက်ခြင်းဖြစ်သည်။ ထို့ကြောင့် နှစ်နိုင်ငံကြားတွင် အဆိုပါစာရွက်စာတမ်း များကို အပြန်အလှန် လဲလှယ်ပြီးပါက ထိုမဟာဗျူဟာမြောက်လုံခြုံရေး သဘောတူညီချက်က အသက်ဝင်သွား မည် ဖြစ်သည်။ အဆိုပါ သဘောတူညီချက်စာချုပ်တွင် အပိုဒ်ခွဲပေါင်း ၂၃ ပိုဒ်ပါဝင်သည်။ သဘောတူစာချုပ်၏အပိုဒ်ခွဲ ၄ တွင် ဖော်ပြထားချက်အရ နိုင်ငံတစ်နိုင်ငံသည် ပြည်ပနိုင်ငံတစ်နိုင်ငံ သို့မဟုတ် နိုင်ငံများ၏တိုက်ခိုက်ခြင်းခံရပါက စာချုပ်တွင်ပါရှိသည့် အခြားအဖွဲ့ဝင်နိုင်ငံသည် စစ်ရေးအပါအဝင် လိုအပ်သောထောက်ပံ့မှုများအားလုံးကို ပေးသွားရမည်ဟုဖော်ပြထားသည်။ ထို့ပြင် နှစ်နိုင်ငံစလုံးသည် ဒေသတွင်း နှင့် နိုင်ငံတကာလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု လည်း ကတိပြုထားကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။