“မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံမကာအို မြန်မာချစ်ကြည်ရေးအသင်းတို့ တွေ့ဆုံ”

13 Nov

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများပါဝင်သောအဖွဲ့ကို နိုဝင်ဘာလ ၁၂ ရက် နံနက်ပိုင်းမှာ မကာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Jose Wong ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့မှ UMFCCI ဧည့်ခန်းမမှာ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးနှင့် တာဝန်ရှိသူများ၊ မကာအို-မြန်မာ ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။ တွေ့ဆုံစဉ် မြန်မာ-တရုတ်ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ရန်နှင့် ပိုမိုတိုးတက်ရန် အဓိကထားဆောင်ရွက် လျက်ရှိတဲ့ အခြေအနေများ၊ IT ကဏ္ဍ၊ ဆေးဝါးကဏ္ဍ စတဲ့ နယ်ပယ်ပေါင်းစုံမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌနှင့် မကာအို-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ တို့က လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကူးခဲ့ကြတယ်လို့ သိရပါတယ်။ (NVS 004)

13 Nov

ADVERTISE HERE .