“ကြက်သွန်နီ တစ်ပိဿာ ၆,၀၀၀ ကျပ်အထိ ဈေးမြင့်တက်လာ”

13 Nov

ပြည်တွင်းလက်လီဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာ ၆,၀၀၀ကျပ် အထိ ဈေးနှုန်းမြင့်တက် လာတယ်လို့ သိရပါတယ်။ နယ်မြေဒေသအသီးသီးမှ စိုက်ပျိုးထွက်ရှိတဲ့ ကြက်သွန်များကို ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တင်ပို့ရာမှာ စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်းနှင့် လမ်းခရီးအခက်အခဲများကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းကြက်သွန်နီကို ယခုနှစ်မှာ ဗီယက်နမ်၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး အောက်တိုဘာလအထိသာ ပြည်ပသို့ တင်ပို့ခဲ့ရကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့လမှာ ကြက်သွန်နီ တစ် ပိဿာကို မြန်မာကျပ်ငွေ ၃,၀၀၀ ကျပ်အထိသာ ရရှိခဲ့ပေမယ့် ယခုလမှာ ၆,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်းပါတယ်။ (NVS 004)

13 Nov

ADVERTISE HERE .