“ပြည်တော်အေးစေတီတော်ကြီး၌ နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်”

13 Nov

ကော့သောင်းမြို့ရှိ ပြည်တော်အေးစေတီတော်ကြီးတွင် နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို တန်ဆောင်မုန်းလပြည့်နေ့မှ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ယခုနှစ် ပြည်တော်အေးစေတီတော်ကြီးရဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲကို (၅၂) ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်မည့် တန်ဆောင်မုန်းလပြည့်နေ့မှာ ကော့သောင်းမြို့ ဘုရင့်နောင်ခန်းမရှေ့မှ စတင်ကာ မြို့လမ်းကြောင်း တစ်လျှောက် စီတန်းလှည့်လည်အပူဇော်ခံသွားမှာ ဖြစ်ပါတယ်။ အခုလိုလှည့်လည်အပူဇော်ခံရာမှာ ရပ်ကွက်တစ်ခုကို ဘုရားတစ်ဆူနှုန်း လှည့်လည်အပူဇော်ခံမှာဖြစ်ပြီး လမ်းတစ်လျှောက်မှာ ဒေသခံပြည်သူများက စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများဖြင့် ပါဝင်ကုသိုလ်ယူ ဆောင်ရွက် ကြမှာဖြစ်ပါတယ်။ ဒါ့အပြင်တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်မှာ ကော့သောင်းတစ်မြို့နယ်လုံးရှိ သံဃာတော် များကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲပွဲကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

13 Nov

ADVERTISE HERE .