အယ်လ်နာဆာနောက်ခံလူ လာပေါ့တ် ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ရီးရဲလ်အသင်း

12 Nov

စပိန်ထိပ်သီးကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်အသင်းက နောက်ခံကစားသမား မီလီတို ဒဏ်ရာရရှိပြီးနောက် လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အယ်လ်နာဆာနောက်ခံကစားသမား လာပေါ့တ် ကို ခေါ်ယူရန် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ မီလီတို က ၉ လခန့် အနားယူရမှာဖြစ်တာကြောင့် ရီးရဲလ်အသင်းရဲ့ခံစစ်ပိုင်းမှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရပြီး လာမည့်ဇန်နဝါရီမှာ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းရန် ပြင်ဆင်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်အသင်းက ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှ စပိန်ဝါရင့်နောက်ခံကစားသမား လာပေါ့တ် ကို လာမည့်ဇန်နဝါရီမှာ ခေါ်ယူရန် ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။ ဒါအပြင် ရီးရဲလ်အသင်းအနေနဲ့ လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေတဲ့ အသင်းနောက်ခံကစားသမားဟောင်း ရာမို့စ် ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းမှုများလည်း ရှိနေပါတယ်။ လာပေါ့တ် ဟာ အယ်လ်နာဆာအသင်းနဲ့ ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ (NVS 008)

12 Nov

ADVERTISE HERE .