“ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲဝင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းအသင်း ပြည်ပသို့ထွက်ခွာ”

12 Nov

အာဆီယံအမျိုးသမီး ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းက ခြေစမ်းပွဲယှဥ်ပြိုင်ရန် ထိုင်းနိုင်ငံသို့ နိုဝင်ဘာလ ၁၁ ရက်နံနက်ပိုင်းက ထွက်ခွာသွားပြီ ဖြစ်တယ်လို့သိရပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းက ထိုင်းနိုင်ငံမှာ လေ့ကျင့်မှုများပြုလုပ်ပြီး ခြေစမ်းပွဲတစ်ပွဲ ကစားပြီးနောက် နိုဝင်ဘာလ ၁၄ ရက်မှာ ပြိုင်ပွဲကျင်းပရာ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်မှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံအမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၁ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းက နိုဝင်ဘာလ ၁၆ ရက်မှာ အိမ်ရှင်ဖိလစ်ပိုင်၊ နိုဝင်ဘာလ ၁၇ ရက်မှာ ဗီယက်နမ်၊ နိုဝင်ဘာလ ၁၈ ရက်မှာ ထိုင်း၊ နိုဝင်ဘာလ ၁၉ ရက်မှာ အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကို အသင်း ၅ သင်း အုပ်စုပတ်လည်စနစ်နဲ့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး အုပ်စုပထမနှင့် အုပ်စုဒုတိယအသင်းတွေက ဗိုလ်လုပွဲအဖြစ်လည်းကောင်း၊ အုပ်စုတတိယနှင့်အုပ်စုစတုတ္ထအသင်းတွေက တတိယလုပွဲ အဖြစ်ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲနှင့် တတိယ လုပွဲကို လာမည့်နိုဝင်ဘာလ ၂၁ ရက်မှာ ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ (NVS 008)

12 Nov

ADVERTISE HERE .