“နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် တရုတ်နှင့်စင်ကာပူတို့ သဘောတူညီချက် ၂၅ ရပ်ကို လက်မှတ်ရေးထိုး”

12 Nov

တရုတ်နှင့်စင်ကာပူနိုင်ငံတို့မှ ထိပ်သီးခေါင်းဆောင်များ၏ နှစ်ပတ်လည်အစည်းအဝေးတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် နှစ်နိုင်ငံအကြားတွင် သဘောတူညီချက် ၂၅ ရပ်ကို လက်မှတ်ထိုးလိုက် ကြောင်း သိရသည်။ အဆိုပါ သဘောတူညီချက် ၂၅ ရပ်သည် ပြီးခဲ့သည့်နှစ်တွင် ရရှိသော သဘောတူညီချက် ၂၄ ရပ် ထက် သဘောတူညီချက် တစ်ရပ်ပိုမိုရရှိလာခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက်တွင် ကျင်းပသော အကြိမ် (၂၀) မြောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကောင်စီ၌ ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။ စင်ကာပူနိုင်ငံရှိ ရှန်ဂရီလာဟိုတယ်၌ ကျင်းပသော အဆိုပါအခမ်းအနားသို့ စင်ကာပူဝန်ကြီးချုပ်နှင့် တရုတ်ဒုတိယဝန်ကြီးချုပ်တို့ တက်ရောက်ပြီး အဆိုပါသဘောတူညီချက်များကို ထုတ်ပြန်ခြင်းဖြစ်သည်။ တရုတ် နိုင်ငံနှင့်စင်ကာပူနိုင်ငံတို့ကြား ဆက်ဆံရေးသည် နှစ်နိုင်ငံအကျိုးစီးပွားများနှင့်ပူးပေါင်း ဆောင်ရွက်မှုများအတွက် ယုံကြည်မှုများအပေါ် အခြေခံခြင်းဖြစ်ကြောင်း စင်ကာပူဒုတိယဝန်ကြီးချုပ်က ပြောသည်။ အဆိုပါနှစ်နိုင်ငံ သဘောတူညီချက်များတွင် ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ နယ်ပယ်များ၌ ပူးပေါင်း ဆောင်ရွက်မှုများ ပါဝင်ကြောင်း သိရသည်။

12 Nov

ADVERTISE HERE .