“ရှီဂဲရူအီရှီဘာ ဂျပန်နိုင်ငံ၏ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးကောက်ခံရ”
12 Novနိုဝင်ဘာလ ၁၁ ရက် တွင် ကျင်းပသော ဂျပန်နိုင်ငံ၏လွှတ်တော်နှစ်ရပ်အတွင်း မဲပေးရွေးချယ်မှုအရ လက်ရှိအာဏာရပါတီဖြစ်သော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှခေါင်းဆောင် ရှီဂဲရူအီရှီဘာ က ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးကောက်ခံရကြောင်း သိရသည်။ ဂျပန် ဒိုင်းယက်လွှတ်တော် က ဝန်ကြီးချုပ်အသစ် ရွေးကောက်တင်မြှောက်ရေးအတွက် နိုဝင်ဘာလ ၁၁ ရက် မွန်းလွဲပိုင်းတွင် အထူးအစည်းအဝေးကျင်းပကာ မဲပေးရွေးချယ်ခြင်းဖြစ်သည်။ ရှီဂဲရူ အီရှီဘာသည် လွှတ်တော်အတွင်း ထောက်ခံမဲ ၂၂၁ မဲဖြင့် ပြိုင်ဘက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ယိုရှီဟီကိုနိုဒါကို အနိုင်ရရှိခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးကောက်ခံရသည့် ရှီဂဲရူ အီရှီဘာ သည် နိုဝင်ဘာလ ၁၁ ရက်ညနေပိုင်းတွင် သမ္မတနန်းတော်၌ ကျမ်းသစ္စာကျိန်ဆိုသော သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပသည်။ ဝန်ကြီးချုပ်အစိုးရ အဖွဲ့ကိုမူ မကြာမီဖွဲ့စည်းသွားမည်ဖြစ်ပြီး အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယိုရှီမာဆာဟာယာရှီအနေဖြင့် အစိုးရအဖွဲ့ တွင်ပါဝင်မည့်သူများကိုထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။