“ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး”

12 Nov

တိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှာ ယဉ်ကျေးမှုရိုးရာအိမ်များကို ၎င်းတို့ရဲ့ မူလရိုးရာအစဉ်အလာများ မပျောက်ပျက်အောင် ဂရုပြုထိန်းသိမ်းစောင့်ရှောက်နေပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန် သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြုပြင်ဆောင်ရွက်မှုများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဂျိမ်းဖော နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး တို့နှင့်အတူ တိုင်းရင်းသားကျေးရွာ ပြုပြင်ဆောင်ရွက်မှုများကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာက တိုင်းရင်းသားလူမျိုးများရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်၊ ဓလေ့ ထုံးတမ်းအစဉ်အလာများနှင့် အချို့သောသမိုင်းဝင်မှတ်တမ်းများကို တစ်နေရာတည်းမှာ စုစည်းကာ လေ့လာသိရှိ မှတ်သားနိုင်စေရန် မီးမောင်းထိုးပြသဖော်ကျူးထားတဲ့ နေရာဖြစ်သည့်အတွက် ယခုထက်ပိုမိုကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းမွမ်းမံနေခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ကို တင်ဒါခေါ်ယူ ဆောင်ရွက်နေတာဖြစ်ပြီး အချိန်မီပြီးစီးနိုင်ရေး ပြုပြင်ဆောင်ရွက်လျက်ရှိတယ်လို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကနေ သိရပါတယ်။ (NVS 003)

12 Nov

ADVERTISE HERE .