“မိသားစု လွှဲပို့ငွေစာရင်းမပြနိုင်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ ခန့်ကို ဝန်ကြီးဌာနမှ သတိထုတ်ပြန်”
12 Novပြည်ပရောက် အလုပ်သမားများရဲ့ မိသားစုထံ လွှဲပို့ငွေအထောက်အထား မတင်ပြနိုင်တဲ့ အေဂျင်စီ ၃၀၀ ခန့် ကို သတ်မှတ်ရက်အတွင်း တင်ပြရန် အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်အရ အောက်တိုဘာလအတွက် မိသားစုထံလွှဲပို့ငွေအထောက်အထား မတင်ပြတဲ့ ပြည်ပ အလုပ်အကိုင်အေဂျင်စီ ၂၉၂ ခုရှိပြီး စေလွှတ်ခဲ့တဲ့ လုပ်သားဦးရေ ၅,၆၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။ အဆိုပါအေဂျင်စီများအနေနဲ့ နိုဝင်ဘာလ ၁၁ ရက် နောက်ဆုံးထားပြီး လွှဲပို့ငွေအထောက်အထားပေးပို့ရန်လိုအပ်ပြီး မပေးပို့နိုင်သည့် အေဂျင်စီများကို ဒဏ်ကြေးကောက်ယူမယ့်အပြင် အလုပ်ခေါ်စာအသစ်တင်ခွင့် ဆိုင်းငံ့ အရေးယူမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။ ပြည်ပတွင် လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားများအနေနဲ့ မိမိရဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင် ဘဏ်စနစ်မှတစ်ဆင့် ပြည်တွင်းရှိ မိသားစုဝင်များထံ ပေးပို့ရမှာ ဖြစ်တယ်လို့ ညွှန်ကြားထားပါတယ်။ လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့်ရထားတဲ့ အေဂျင်စီ ၅၀၀ ကျော်ရှိနေကာ လစဉ်လုပ်သား နှစ်သောင်းနီးပါး ပြည်ပသို့ ထွက်ခွာနေကြတယ်လို့ သိရပါတယ်။ (NVS 003)