“ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ တစ်နှစ်ကို ၃,၅၅၀ ကီလိုဝပ် ထုတ်လုပ်နိုင်”

12 Nov

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှာ တည်ရှိတဲ့ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အား ဖြည့်ဆည်းပေးရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရဲ့ လျှပ်စစ် ဓာတ်အား ထုတ်လုပ်နေမှု အခြေအနေကို နိုဝင်ဘာလ ၁၀ ရက်မှာ ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရဲ့ စက်တပ်ဆင်အင်အားမှာ ၁၉၇ ဒသမ ၅ မဂ္ဂါဝပ်ထွက်ရှိသော ဖရန်စစ်(ဒေါင်လိုက်) တာဘိုင်အမျိုးအစား စက် ၄ လုံးနဲ့ စုစုပေါင်းစက်တပ်ဆင်အင်အား ၇၉၀ မဂ္ဂါဝပ် ဖြစ်ပြီး ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၃,၅၅၀ ကီလိုဝပ် နာရီသန်းပေါင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသော ဓာတ်အားများကို ၂၃၀ ကေဗွီ ရဲရွာ-ဘဲလင်း ဓာတ်အားလိုင်း ၂လိုင်းနှင့် ၂၃၀ ကေဗွီ ရဲရွာ-မိတ္ထီလာဓာတ်အားလိုင်း ၂ လိုင်းတို့နဲ့ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ကာ လျှပ်စစ် ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 003)

12 Nov

ADVERTISE HERE .