“ရန်ကုန်မြို့၌ပြုလုပ်မည့် ပညာရေးပြပွဲတွင် ထိုင်းနိုင်ငံရှိ နိုင်ငံတကာအဆင့်မီတက္ကသိုလ် ၂၈ ခု ပါဝင်ပြသမည်”
11 Novထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း (Association of Myanmar Alumni from Universities in Thailand-AMAUT)ကကြီးမှူး၍ ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံတကာအဆင့်မီတက္ကသိုလ်များစွာ ပါဝင်ပြသမည့် (၈) ကြိမ်မြောက် ထိုင်းတက္ကသိုလ် ပေါင်းစုံပညာရေးပြပွဲ ၂၀၂၄ ကို နိုဝင်ဘာလ ၁၇ ရက်မှ ၁၈ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းရှိ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပညာရေးပြပွဲတွင် ထိုင်းနိုင်ငံရှိ နိုင်ငံတကာအဆင့်မီ တက္ကသိုလ် ၂၈ ခုမှ ပါဝင်ပြသသွားမှာဖြစ်ပြီး မြန်မာ ကျောင်းသား/ကျောင်းသူများအနေဖြင့် တက္ကသိုလ်၊ ကောလိပ်များ၊ ပညာရေးအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များထံမှ သတင်းအချက်အလက်များကို တစ်ပြိုင်နက်တည်း ရယူနိုင်မှာဖြစ်ပါတယ်။ မြန်မာကျောင်းသား/ကျောင်းသူများနှင့် စိတ်ပါဝင်စားသူ မည်သူမဆို ကွန်ရက်များချိတ်ဆက်နိုင်မည့် ပညာရေး ပြပွဲသို့ ဝင်ကြေးအခမဲ့ဖြင့် လာရောက်လေ့လာနိုင်ပြီး ထိုင်းတက္ကသိုလ် အများအပြားနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ် နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)