“တံကောက်ကြောဒဏ်ရာ ပြင်းထန်စွာရရှိခဲ့လို့ ကာလရှည်အနားယူရမယ့် မီလီတို”
11 Novရီးရဲမက်ဒရစ်အသင်းနောက်ခံကစားသမား မီလီတို ဟာ တံကောက်ကြောဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ ခြင်းကြောင့် ကာလရှည် အနားယူရတော့မှာ ဖြစ်ပါတယ်။ မီလီတို အနေနဲ့ ရီးရဲမက်ဒရစ်အသင်းက အိုဆာဆူနာအသင်း ကို လေးဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။ မီလီတို ရဲ့ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရတာကြောင့် ရီးရဲလ်မက်ဒရစ် အသင်း ခံစစ်ပိုင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် နောက်ခံကစားသမား မီလီတို ဟာ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ၂၀၁၉-၂၀၂၀ နဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီတွေမှာ ပြိုင်ပွဲစုံ ၁၇၂ ပွဲကစားပြီး ၁၂ ဂိုးသွင်းယူကာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ (NVS 008)
11 Nov