“နူနိုဆန်းတို့စ် အား စာချုပ်သက်တမ်းတိုးရန် နော်တင်ဟမ်ဖောရက်စ်အသင်း စီစဉ်”

11 Nov

နော်တင်ဟမ်ဖောရက်စ်အသင်းက အသင်းနည်းပြ နူနိုဆန်းတို့စ် ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရပါတယ်။ အဆိုပါနည်းပြ နူနိုဆန်းတို့စ် ဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်မှာ စတင်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲ ၃၇ ပွဲတွင် ၁၂ ပွဲနိုင်၊ ၁၂ ပွဲသရေ၊ ၁၃ ပွဲရှုံး ရလဒ်ဖြင့် ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းကြောင့် အသင်းက စာချုပ်သက်တမ်းတိုးရန် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ထုတ်ပြန်ချက်တွင် နူနိုဆန်းတို့စ် ကို စာချုပ်သက်တမ်းတိုးရန် စီစဉ် နေကြောင်း၊ သူဟာ အသင်းအတွက် နည်းပြကောင်းတစ်ဦးဖြစ်ပြီး အသင်းကို ယခုထက်ပိုမိုကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ စာချုပ်ကိစ္စကိုလည်း မကြာမီရက်များအတွင်း အပြီးသတ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

11 Nov

ADVERTISE HERE .